BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, January 22, 2010

ကြက်သားနဲ့ ပင်စိမ်းရွက် စပ်စပ်

ဒီ blog မှာ ကျွန်မ ချက်တဲ့ ဟင်းလေးတွေ အကြောင်းကို အချိန်အားရင် အားသလို ရေးသွားပါ့မယ်.. အထူးသဖြင့်ကျွန်မလို မိဘရဲ့ အဝေးမှာနေရပြီး ကိုယ်တိုင် ဟင်းချက်စားချင်တဲ့ သူတွေအတွက် ပေါ့ :)

ကျွန်မ ကို ကျွန်မမေမေ က နိုင်ငံရပ်ခြားမှာ ပညာသွားသင်မယ် ဆိုကတည်းက တစ်ယောက်တည်း အကုန်လုပ်တတ်အောင် သင်ပေးပါတော့ တယ်. ဟင်းချက်တာ လည်း အပါအ၀င်ပေါ့..အဲဒါနဲ့ ပဲ ၀ါသနာပါသွားတော့ တာပါပဲ :D နောက်ပြီးမေမေ က အလည်ကျောင်းပိတ်ရက်ပြန်သွားတိုင်းလည်းသင်ပေးပါတယ် =)
ဒီလိုနဲ့ ပဲ..ကျွန်မ အားတဲ့အချိန်မှာ blog ရေးဖို့ ဆုံးဖြတ်လိုက်တာပါ

ပထမဆုံးအနေနဲ့ ကြက်သား ကို အစပ်လေးချက်စားချင်တယ်ဆိုရင် ..ဒီ ယိုးဒယားချက်လေးကို ချက်ကြည့်ပါ .. =)

ယိုးဒယားလိုဆိုရင် Pad ka-prao-kai လို့ခေါ်ပါတယ်..လွယ်ကူပြီးအချိန်ကုန် သက်သာတဲ့အတွက် ကျွန်မအကြိုက်ဆုံးထဲကတစ်ခုပါရှင့်..

လိုအပ်တဲ့ Ingredients တွေကတော့ -
  • ကြက်သားအကြေ (minced chicken) (အတုံးထက် အကြေကပိုသင့်တော်ပါတယ်.ယိုးဒယားမှာအကြေနဲ့ပဲချက်ပါတယ်) ( ၄၅၀ grams)
  • ဆား အနည်းငယ်
  • ကြက်သွန်ဖြူ ၄စိပ် (ပါးပါးလှီးပြီးသေးသေးလေးတွေစိပ်ထားရန်)
  • ပဲငံပြာရည် ၂ ဇွန်း (black soy sauce)
  • ငံပြာရည် ၁ ဇွန်း (fish sauce) (ကြက်သားအပေါ်မူတည်ပြီး သင့်တော်ရုံထည့်နော်..ငံသွားမှာစိုးလို့ :P )
  • ပင်စိမ်းရွက် လက်တဆုပ် (basil leave or fresh holy basil)
  • ငရုတ်သီးထောင့် ၇ ထောင့် (အစိမ်းထက်အနီ ကပိုသင့်တော်ပါတယ်) တခြမ်းခြမ်းထားပါ
  • ငရုတ်ကောင်းမှူန့် ( Dash of ground white pepper)
  • ပဲသီးရှည် ၃ထောင့်(သေးသေးလေးတွေစိပ်ထားပါ)
  • အချိုမှူန့် (or) သကြား အနည်းငယ်
၁။ ဆီပူလာပါက ကြက်သွန်ဖြူဆီသတ်ပါ.ငရုတ်သီးထည့်ပါ..ခဏလောက်မွှေပြီးကြက်သွန်ဖြူ မတူးခင်မှာကြက်သားအကြေ(ဆားနဲ့နယ်ထားရပါမည်) ကို ထည့်ပါ..ကြက်သားကျက်တဲ့ အထိမွှေပါ

၂။ ပြီးလျှင် ပဲငံပြာရည်ကို ထည့်ပြီးမွှေပါ..နောက်ထပ် ၁၅ second လောက်နေရင် ငံပြာရည်ထည့်ပါ

၃။ စိပ်ထားသောပဲသီးကို ထည့်ပါ..မွှေပါ..အချိုမှူန့် (သို့) သကြား (ဇွန်းတစ်ဝက်..1/2 spoon) ထည့်ပါ

၎။ ပင်စိမ်းရွက်ကို လည်းအနည်းငယ် စိပ်ပြီး ထည့်ပါ

၅။ အဆုံးသတ်အနေနဲ့ ငရုတ်ကောင်းမှူန့် ဖြူး ပြီး သုံးဆောင်နိုင်ပါပြီရှင့်



ဒီ ပုံကတော့ ကျွန်မကိုယ်တိုင်ချက်ထားတဲ့ ကြက်သားနဲ့ ပင်စိမ်းရွက် ဟင်းပါ ရှင် =)

Bon Appe'tit! =)
















0 comments: