BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, January 30, 2010

An nyoung ha seh yo ♥ Korean Kimbap (Normal)

ဒီတစ်ပတ်တော့ ကိုးရီးယား Kimbap လုပ်စားဖြစ်တယ်.. ကိုးရီးယား ကားတွေထဲကလို စားချင်စရာကောင်းပြီး စားလို့ လည်းအရမ်းကောင်းပါတယ် =) အချိန်ရမယ်ဆိုရင်လုပ်စားကြည့်ကြနော်..

ကိုးရီးယားမှာ kimbap က အမျိုးမျိုးလုပ်စားလို့ရတယ်..ရိုးရိုး ရှိမယ်..အမဲသား bulgogi နဲ့ ရှိမယ်.. vegetable တွေနဲ့ပဲလုပ်တာလည်းရှိတယ်..Kimchi kimbap လည်းရှိသေးတယ်..တနည်းပြောရရင် Kimbap ကို ကိုယ်ကြိုက်သလို အစာ ထည့်ပြီးလုပ်လို့ရတယ်.. အခု ယွန်းလုပ်ဖြစ်တာ က တော့ Normal Kimbap ပါ..ပထမဆုံးလည်းဖြစ်တာလည်းပါတယ်..ရိုးရိုး ပဲ လုပ်ကြည့်တာ..ဒါပေမဲ့ အရမ်းအရသာရှိလွန်းလို့ ယွန်းလုပ်တယ်ဆိုတာ ကိုယ့်ဟာကိုယ်မယုံနိုင်ဘူး =P

နောက်ပြီး ကိုယ့် ဟာကိုယ်လည်းလုပ်ပြီးရော..အိမ်မှာကိုယ်တိုင်လုပ်တာက ပိုပြီးအရသာ ရှိပြီး fresh ဖြစ်တယ် လို့ ခံစားရတယ် =)

လုပ်ဖြစ်အောင်လုပ်စားကြနော်.. =) Kamsamnida! Thank you


Ingredients :

Main :

Seaweed Sheet (3) - ရေညှိ ရွက်

Crap Sticks (3) - ဂဏန်းချောင်း

Cucumber (1) - သခွားသီး (အစေ့မရှိသောအသားများကို သုံးပါ)

Carrot (1) - သေးသေးလေးတွေလှီးထားပါ

Pickled Radish (Danmooji) (3 stick) - မုန်လာဥ ကို အချဉ်ဖေါက်ထားတာပါ) - ဒီဟာကို တော့ Korea

ဆိုင်တွေမှာပဲရဖို့များပါတယ်..ဘာလို့လဲဆိုတော့ ကိုးရီးယားတွေပဲ သုံးတာမို့လို့ ပါ..

Burdock Root (3 sticks) - အညိုရောင်အချောင်းလေးပါပဲ..အဲဒါလည်းကိုးရီးယား အစားအသောက်ရောင်းတဲ့နေရာမှာပဲရနိုင်ပါတယ်..

Eggs (3) - ကြက်ဥ - ကြက်ဥ ကို ပြားနေအောင် ကြော်ထားပါ.. မွှေပြီး ကြော်ရမှာနော်.. လုံးဝ Flat ဖြစ်မှ အချောင်းလေးတွေ လှီးလို့ ရမှာမို့လို့ ပါ

Cooked Rice - 2 bowl (ရိုးရိုးထမင်းနဲ့လည်းရပါတယ်.. Sushi rice သုံးချင်လည်းရပါတယ်

For the Rice :

Salt (1 tbsp) - ဆား

Sesame Oil (1 & 1/2 tbsp ) - နှမ်းဆီ

Olive Oil (1 tbsp)

Sesame seed (black) 1/2 tbsp - နှမ်းစေ့

အထက်မှာပြထားတဲ့ Ingredient တွေကို ထမင်းထဲထည့်ပြီး နယ် ထားပါ



Prepare to Roll :

၁. သခွားသီး ကို အချောင်းသေးသေးလေးတွေ ရ အောင် လှီးထားပါ

ဆား ကို လက်ဖက်ရည် ၁ ဇွန်းလောက် ထည့်ပြီးနယ်ပါ.. ၅ မိနစ် ထားထားပါ

၅မိနစ်ပြီးရင် ရေဆေးပါ..ရေစစ်ထားပါ

၂. Pickled Radish ကို သခွားသီးနဲ့ အရွယ်တူ အချောင်းလေးတွေ လှီးထားပါ. တချို့ ready made

တွေက Kimbap လုပ်ဖို့ အတွက် တခါတည်းလှီးပြီးသားပါ

၃. ဂဏန်းချောင်းကို ဘေးတိုက် ၁ ခု ကို ၂ချောင်းရအောင်လှီးပါ

၎. ကြက်ဥ ကို ကြော်ပြီးရင် အချောင်းလေးတွေရအောင်လှီးထားပါ

၅. မုန်လာဥနီ ကို သေးသေးလေးတွေ ကို ဆီလေးနဲ့ နည်းနည်းကြော်ထားပါ.ဆားနည်းနည်း နဲ့

ပါ.အကျက်ကြီးမကြော်နဲ့နော်..နွေးရုံလေးပဲ

အောက်က ပုံ က တော့ ပြင်ဆင်ပြီးတဲ့ ingredient တွေဖြစ်ပါတယ် =)



အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုရင်:

Kimbap ကိုလိပ်ပါတော့မယ်ရှင် =)

၁. ရေညှိရွက်ကို Sushi mat ပေါ်တွင်ဖြန့်ပါ.. ( sushi ရွက်မှာ ၂ ဘက်ရှိပါတယ်.တဘက် က အချော.တဘက်

ကအကြမ်းပါ..အချောကို အပြင်မှာထားပြီးအကြမ်းကို တော့အထဲဘက်မှာထားပါ)

၂. ရေညှိအကြမ်းပေါ်မှာ ထမင်း + pickled radish + ဂဏန်းချောင်း + သခွားသီး + မုန်လာဥနီ + ကြက်ဥကြော်

တို့ ကို ပုံမှာပြထားတဲ့ အတိုင်း တင်ပါ.

၃. ပြီးရင်လိပ်ပါ

၎. Sushi mat နဲ့ထပ်လိပ်ပါ..

၅. လက်နှစ်ဖက်နဲ့ sushi mat ကို squeeze လုပ်ပေးပါ..kimbap tight ဖြစ်နေအောင်လို့ပါ.



လိပ်ပြီးပြီဆိုရင် ဓား ကို Sesame Oil အနည်းငယ်သုတ်ပါ.လှီးရတာလွယ်အောင်လို့ ပါ. Kimbap roll ကို လည်း

အနည်းငယ် သုတ်ပါ

ပြီးရင်လှီးပါ =)




အရမ်းအရသာရှိတဲ့ Korean Kimbap ရပါပြီရှင် =D

.


Kimbap ကို Kimchi နဲ့ တွဲပြီးစားရင် ပိုပြီး အရသာရှိပါတယ် =D


Bon Appetit'

0 comments: