BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, January 23, 2010

သတ်သတ်လွတ်အာလူး ဟင်း

ဒီနေ့ တော့ အရမ်းလွယ်တဲ့ ဟင်း ချက်ဖြစ်ပါတယ်.. အာလူးဟင်းပါ..အချိန်တော့ နည်းနည်းပေးရပါတယ်.. အာလူးကို အခွံနွှာတာတို့.. အာလူးနူးအောင် ချက်ရတာတို့ပါဘဲ...


ပြင်ဆင်ရမည့်ဟာတွေကတော့ -

  • အာလူး ၃ လုံး(အတုံးလေးတွေစိပ်ထားပါ)
  • ကြက်သွန်နီ ၁လုံး (၈စိပ်လေးတွေစိပ်ထားရပါမည်)
  • ဇီယာစေ့ ကို ထောင်းထားပါ 1/2 tbsp (Cumin Seed) - ဒီအာလူးဟင်းအတွက်အဓိက လိုအပ်တဲ့ ingredient ပါ
  • ဆနွင်း 1/2 tbsp
  • ဆား 2 tbsp
  • ဆီ
  • အချိုမှူန့် အနည်းငယ်
ပထမဆုံး အာလူးကို စိပ်ပြီးပြီဆိုရင် ဆားနဲ့ နယ်ထားပါ

ဆီကျတ်ပါက ကြက်သွန်နီ ဆီသတ်ပါ..ခဏလောက်နေရင် (ကြက်သွန်နီမတူးခင်) ဆနွင်းထည့်ပါ..

အာလူးထည့်ပါ.

အာလူးကို ဟင်းချက်တဲ့ဇွန်းနဲ့ ထိပြီးနူးမနူးကြည့် ပါ..မနူးသေးဘူးဆိုရင် ရေထပ်ထည့်ပြီး တည်ပါ..

အာလူးနူးပြီ ဆိုရင်တော့ ထောင်းထားတဲ့ ဇီယာစေ့ ကို ထည့်ပါ

ယွန်းလိုမျိုးဆီပြန်မကြိုက်လို့ ရှိရင်တော့ ပုံထဲကအတိုင်း ဆီမရှိတော့ တဲ့ အထိ တည်ပါ :) ဒါပေမဲ့အာလူးမတူးအောင် တော့ မွှေပြီး စောင့်နေနော် :D

မွှေးမွှေးလေးဖြစ်လာပါလိမ့်မယ်.. စားလို့ ရပါပြီ ရှင်

Bon appe'tit! :)

0 comments: