ဒီတခါ က တော့ ကြက်သား (သို့) ၀က်သား ကုန်းဘောင်ကြီးကြော် ချက်စားမယ် =)
အရမ်းလွယ်ပါတယ်..အဲဒါကြောင့်လည်း ယွန်းချက်ဖြစ်တာပါ :P
ပြင်ဆင်ရမှာ တွေကတော့ -
- ကြက်သား (or) ၀က်သား (အတုံးလေးတွေတုံးထားပါ..အရွယ်ကတော့ ကိုယ်စားချင်တဲ့အရွယ်ပေါ့) ပြီးရင် ဆားနဲ့ နယ်ထားပါ
- ငရုတ်သီးအပွ အခြောက် (dried chilli) - အသေးလေးတွေဆိုရင်တော့ ၅ ထောင့် လောက်.အကြီးဆိုရင်တော့ ၃ ထောင့် ဆိုရပါပြီ
- ကြက်သွန်နီ ၂ လုံး (၈စိပ် စိပ်ထားပါ)
- မုန်လာဥနီ ၁ထောင့် (သေးသေးလေးတွေ တုံးထားပါ)
- သကြား (သို့) အချိုမှူန့် အနည်းငယ်
- ကြက်သွန်ဖြု ကို ထောင်းထားပါ - ၃ မွှာ
- ဂျင်း လက်တဆစ် (လှီးပြီး ပြားအောင် ငရုတ်ကျည်ပွေ့နှင့်ဖြစ်ဖြစ် ထုထားပါ)
- ပဲငံပြာရည် အနောက် လက်ဖက်ရည် ၁ ဇွန်း (အများကြီးဆိုရင် ဟင်းမဲသွားပါလိမ့်မယ်)
ဘေးမှာပြထားတဲ့ပုံကတော့ ကြက်သွန်နီ ၈ စိပ် စိပ်နည်းဖြစ်ပါတယ်.. ပထမဆုံးကြက်သွန်နီကို အပေါ်မှ
၎စိပ်လှီးပါ။ပြီးလျှင်
လှီးပြီးသောအစိပ်များကို ဘေးတိုက်ထားပြီးပုံ၂ က လို တခြမ်း ထက်လှီးပါ..၈စိပ်ရပါလိမ့်မည်..
မေမေ က ယွန်းကို ကြက်သွန်နီလှီးနည်းကို အမနည်းသင်ရပါတယ်..ယွန်းစ စ ချင်းတုန်းက
ဆိုကြက်သွန်နီအခွံခွာရင် ကြက်သွန်နီအသားတွေပါလှီးထုတ်မိပါတယ် =P

အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုရင်..
၁. ဆီသတ်ပါ
၂. ဆီကျက်ပါ က ငရုတ်သီးအပွ + ကြက်သွန်နီ ၈ စိပ် စိပ် ထားတာ ကို ထည့် ပါ .မွှေပါ
၃. သကြားထည့်ပါ
၎. ကြက်သွန် အဖြူထည့်ပါ
၅. ၂ချက်လောက် မွှေပြီးတာနဲ့ ကြက်သား ထည့်ပါ
၆. ရေလေးနည်းနည်း ထည့်ပေးပါ.အသားနူးစေရန် .. အသားမြုတ်တဲ့ အထိတော့ မထည့်နဲ့နော် :P
၇. ဂျင်း ထည့်ပါ..ဥနီထည့်ပါ
၈. ပဲငံပြာရည်ထည့်ပါ
၉. ၂ မိနစ်လောက်ထားပါ
ကြက်သားကျက်ပြီဆိုရင် ပြီးပါပြီရှင့် =D
ပြထားတဲ့ ၀က်သားကုန်းဘောင်ကြီးကြော် က တော့ ထုံးစံအတိုင်း ယွန်း ချက်ထားတာပါရှင် =D
0 comments:
Post a Comment